ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို ဖေါ်ပြခဲ့ကြသည်။ ထိုင်းအစိုးရကနိုင်ငံတော်အလံများကို တိုင်တစ်ဝက်ထားပြီး သုံးရက်ကြာ လွှင့်ထူရန် အမိန့်ထုတ်ထားသည်။



