၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိင်းစည်းဝေးတွင် lထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် နှစ်သုတ်တက်စနစ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများအားလုံး ပြန်ဖွင့်မည်ဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ့



