back

တရုတ်နိုင်ငံမှ အဋ္ဌမအသုတ်ပေးပို့သည့် ငလျင်ဘေးအကူအညီများ ရောက်ရှိ

Apr 23 • 11:57 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တရုတ်နိုင်ငံမှ အဋ္ဌမအသုတ်ပေးပို့သည့် ငလျင်ဘေးအကူအညီများ ရောက်ရှိ

မြန်မာနိုင်ငံ ငလျင်ဒဏ်သင့် ဒေသများအတွက် တရုတ်နိုင်ငံမှ အဋ္ဌမအသုတ်ပေးပို့သည့် ငလျင်ဘေးအကူအညီများ ရောက်ရှိလာကြောင်း သိရသည်။အဆိုပါ ပစ္စည်းများတွင် အရိုးဆက်ပြား ၂၄,...

မြန်မာနိုင်ငံ ငလျင်ဒဏ်သင့် ဒေသများအတွက် တရုတ်နိုင်ငံမှ အဋ္ဌမအသုတ်ပေးပို့သည့် ငလျင်ဘေးအကူအညီများ ရောက်ရှိလာကြောင်း သိရသည်။အဆိုပါ ပစ္စည်းများတွင် အရိုးဆက်ပြား ၂၄,၆၀၀ ခု၊ အရိုးဆက် screw ၁၃၂,၀၀၀ ခု၊ အရိုးအတွင်းပိုင်း ချိတ်ဆက်သံ ၄,၅၂၆ ခု၊ ကိရိယာစက်ပစ္စည်းအိတ်ထုတ် ၃၀ စုံ ပါဝင်ပြီး ဆေးဝါးပစ္စည်းများအဖြစ် Sodium penicillin ထိုးဆေးပုလင်း ၁ သန်း၊ Metronidazole ဆေးပြား ၄၀၀,၀၀၀ ဗူး၊ Cefradine ဆေးတောင့် ၉၀,၀၀၀ ဘူး၊ ဆေးဘက်သုံး ပိုးသတ်ဆေးပြား ၃၀၀ ဗူး နှင့် ဆေးဘက်သုံး အိုင်အိုဒင်းဝါဂွမ်းတံ ၂,၀၀၀ ပုံး တို့ ပေးပိုခဲ့ကြောင်း သိရသည်။




news-view-count-icon

32