Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်များကို ယမန်နေ့ဧပြီ (၂၂)ရက် ညနေပိုင်းက ဧရာဝတီယူနိုက်တက် နှင့် ရှမ်းယူနိုက်တက် အမျိုးသမီး အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီယူနိုက်တက် အသင်းက (၃)ဂိုးသွင်းယူ၍ ဂိုးပြတ်အနိုင် ရရှိခဲ့သည်။အလားတူ ရန်ကုန်ယူနိုက်တက်နှင့် ISPE အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကစားရာ ISPE အသင်းက (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။Myanmar Women League ပထမအကျော့ပွဲစဉ်၌ အသင်း(၄)သင်း ယမန်နေ့က စတင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အသင်းပေါင်း(၉)သင်းပါဝင်ယှဉ် ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။



