ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့ရဲ့ တဖက်ကမ်း ကျေးရွာတွေဟာ အဖက်ဖက်က ရိက္ခာဖြတ်တောက်မှုကြောင့် လတ်တလောကာလကစပြီး ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ ဘက်မှာ ဓါတ်ဆီ ဝယ်လို့ မရတော့ဘူး၊ စားသောက်ကုန်တွေက အစ”လို့ စက်စက်ယိုရွာ အနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။ 


