back

အာကာသတွင် အစားအစာထုတ်လုပ်နိုင်ရေး ဥရောပအာကာသအေဂျင်စီ စတင်စမ်းသပ်

Apr 23 • 9:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာကာသတွင် အစားအစာထုတ်လုပ်နိုင်ရေး ဥရောပအာကာသအေဂျင်စီ စတင်စမ်းသပ်

အာကာသလိုမျိုး ဆွဲငင်အားနည်းပါးပြီး ရေဒီယိုသတ္တိကြွမှု မြင့်မားတဲ့ ပတ်ဝန်းကျင်မှာ ဥရောပအာကာသအေဂျင်စီ (ESA) က “ဓာတ်ခွဲခန်းထုတ်အစားအစာတွေ” ရဲ့ အလားအလာကို စမ်းသပ်နေ...

အာကာသလိုမျိုး ဆွဲငင်အားနည်းပါးပြီး ရေဒီယိုသတ္တိကြွမှု မြင့်မားတဲ့ ပတ်ဝန်းကျင်မှာ ဥရောပအာကာသအေဂျင်စီ (ESA) က “ဓာတ်ခွဲခန်းထုတ်အစားအစာတွေ” ရဲ့ အလားအလာကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။ISS နိုင်ငံတကာအာကာသစခန်းအထိ အစားအစာတွေ ပို့ဆောင်တဲ့အခါ ယာဉ်မှူးတယောက်စာက တနေ့ကို ပေါင် ၂၀,၀၀၀ လောက် ကုန်ကျတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။အဲဒီကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့အတွက် ESA ဘက်က နည်းလမ်းသစ်ရှာဖွေရေး သုတေသနလုပ်ငန်းကို ရန်ပုံငွေထောက်ပံ့နေတာ ဖြစ်ပါတယ်။တကယ်လို့သာ ကမ္ဘာ့ပတ်လမ်းထဲ လွှတ်တင်လိုက်တဲ့ စမ်းသပ်မှု အောင်မြင်ခဲ့ရင် အာကာသယာဉ်မှူးတွေအတွက် အသား၊ အာလူးနဲ့ အချိုပွဲကိုပါ ဆဲလ်တခုချင်းစီကနေ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


news-view-count-icon

27