ရာသီသစ်အတွက် ပြင်ဆင်မှုများ ဆက်တိုက်
ပြုလုပ်နေသော ရှမ်းယူနိုက်တက် အသင်းသည်
ဝါရင့် ကွင်းလယ်လူ လှိုင်းဘိုဘိုအား ခေါ်ယူ အားဖြည့်လိုက်ပြီ ဖြစ်ကာ၁၉၉၆ ခုနှစ်ဖွား လှိုင်းဘိုဘိုသည် မန္တလေး၊ ပလိပ် ဘောလုံး သင်တန်းကျောင်းမှ ထွက်ပေါ်လာသူ ဖြစ်ပြီး ရတနာပုံ (လူငယ်အသင်း) တွင်စတင် ကစားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ ရတနာပုံစီနီယာအသင်းတွင် ကစားခဲ့ပြီး၊ နောက်ဆုံးဘောလုံးရာသီ (၂) ခုတွင် ရန်ကုန် ယူနိုက်တက်အသင်း၌ ပါဝင် ကစားခဲ့သူလည်းဖြစ်ပါတယ်။


