ဧပြီ-၂၃ သတင်းအရ နေပြည်တော်ပျဉ်းမနားမြို့ပေါ်ငလျင်ကြောင့်အဆောက်အဦပြိုပျက်မှုများအားရှင်းလင်းလျက်ရှိရာမြို့ပေါ်မိန်းလမ်းမဘေးဝဲယာများအိမ်မြေကွက်နေရာများအရောင်းအဝယ်ရှိနေကြောင်းဒေသခံများထံမှသိရသည်။ပျဉ်းမနားမြို့ပေါ်မှာကငလျင်ကြောင့်မြို့လယ်ခေါင်မိန်းလမ်းမဘေးဝဲယာတစ်ကြောကအဆောက်အဦးတွေ ကအများဆုံးပြိုကျပျက်စီးတာ၊ လုံးဝပြိုကျသွားတဲ့အဆောက်အဦတွေရှိသလို တစ်ဝက်တစ်ပျက် ပြိုတာတွေ၊ အချို့ကြားညပ်အဆောက်အဦတွေကမပြိုဘူး၊ရွဲ့သွားတာစောင်းသွားတာ၊အက်သွားတာတွေရှိတယ်၊လူနေမရဘူး။အခုရှင်းလင်းရေးအဖွဲတွေက ပြိုပျက်အဆောက်အဦတွေဖယ်ရှားရှင်းလင်းနေသလို၊ တစ်ဝက်တစ်ပျက်၊ရွဲ့စောင်း အက်ကွဲအဆောက်အဦအတော်များများရှင်းလင်းပြီးတာတွေရတယ်။လက်ရှိမှာအဆောက်အဦပြိုသွားလို့ပြန်ဆောက်နိုင်သူရှိသလို၊ပြန်မဆောက်နိုင်သူတွေအများကြီးရှိတယ်။ တစ်ချို့ဆိုကိုယ့်နေရာကိုယ်ရှင်းလင်းဖို့ ငွေကြေး မတတ်နိုင်လို့ အများအလှူငွေတွေနဲ့ဖယ်ရှားရှင်းလင်းပေးနေရတာတွေလည်းရှိတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။ 
Apr 23 • 9:01 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 16 | 0 | 0 | 0 |


