ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများ၊ တန်းမြင့်သင်တန်းများကို ဧပြီလ ၂၂ ရက်နေ့က သက်ဆိုင်ရာ ဒေသအသီးသီးတို့တွင် တပြိုင်နက်တည်း စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေကျောင်းပိတ်ရက်ကာလအတွင်း ဗဟုသုတတိုးပွားစေမည့် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများစတင်ဖွင့်လှစ်
Apr 23 • 9:00 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


