back

အင်ဒိုနီးရှား၌ တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွား

Apr 23 • 7:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှား၌ တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံ၌ ဧပြီလ ၂၂ ရက် တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့်ငလျင်လှုပ်ခတ်မှုတို့ ဖြစ်ပွားကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ အရှေ့ဂျာဗားပြည်...

အင်ဒိုနီးရှားနိုင်ငံ၌ ဧပြီလ ၂၂ ရက် တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့်ငလျင်လှုပ်ခတ်မှုတို့ ဖြစ်ပွားကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ အရှေ့ဂျာဗားပြည်နယ်၌တည်ရှိသော ဆီမီရူ မီးတောင် သည် တစ်ရက်တည်းမှာပင် လေးကြိမ်ပေါက်ကွဲမှုဖြစ်ပွားကြောင်း မီးတောင်နှင့်ဘူမိအန္တရာယ်လျှော့ချရေးဌာနက ထုတ်ပြန်သည်။ထိုမီးတောင်သည် နံနက် ၅ နာရီမှ မွန်းလွဲ ၁၂ နာရီကျော်အထိ လေးကြိမ်တိုင် ပေါက်ကွဲခြင်းဖြစ်ပြီး ထိုလေးကြိမ်စလုံးတွင် မီးတောင်မှပြာများကို အမြင့်မီတာ ၈၀၀ အထိမှုတ်ထုတ်ကြောင်း တွေ့ရှိရသည်။အလားတူ မြောက်ဆူလာဝေဆီပြည်နယ်၌ ကမ်းလွန်ဒေသကို ဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၆ ရစ်(ခ်)တာ စကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။


news-view-count-icon

29