၂၃.၄.၂၀၂၅ ရက်ယနေ့၊ ၁၂ နာရီ၁၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် ကလေး (၄) ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ Asault Boat (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅ )အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၁၂ နာရီ၄၀ မိနစ်အချိန်တွင် ကျား (၁)ဦး (သေဆုံး)နှင့် ၁၃နာရီ ၂၄ မိနစ်အချိန် ကျား(၁)ဦး (သေဆုံး)တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်(၂)ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ကလေး (၄) ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေရာမှ ကျား(ကလေး)၂ဦးသေဆုံးခဲ့
Apr 23 • 7:28 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 27 | 0 | 0 | 0 |


