ဘုရင် တူတန်ခမွန်ရဲ့ အုတ်ဂူထဲကနေ ရှေးခေတ်အီဂျစ်ထုံးတမ်းဓလေ့တစ်ခုရဲ့ လျှို့ဝှက်ချက်ကို ကျွမ်းကျင်သူများ တူးဖော်တွေ့ရှိခဲ့ကြတယ်လို့ ဆိုနေကြပါတယ်။ဒဏ္ဍာရီလာ ဖာရိုးဘုရင်ရဲ့ အုတ်ဂူကို ၁၉၂၂ခုနှစ်မှာ တွေ့ရှိခဲ့ကြပြီး အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းဥစ္စာများထောင်နဲ့ချီ ရှိနေကာ အချို့အရာတွေကို မမြင်ဘဲကျော်သွားခဲ့ဟန်ရှိတယ်လို့ ယူဆနေကြပါတယ်။ဘုရင်ကြီးခေါင်းချရာနေရာထဲက ရတနာပစ္စည်းအချို့ဟာ ရှေးခေတ်မြှုပ်နှံမှုဓလေ့ထုံးတမ်းများအတွက် သဲလွန်စဖြစ်နိုင်တယ်လို့ ယေးလ်တက္ကသိုလ်မှ အီဂျစ်ရှေးဟောင်းပညာရှင် ဒေါက်တာ နီကိုလတ်စ်ဘရောင်းက ပြောပါတယ်။
အီဂျစ် ဘုရင်တူတန်ခမွန်၏အုတ်ဂူအတွင်း နှစ်ပေါင်းသုံးထောင်သက်တမ်းရှိလျှို့ဝှက်ထုံးတမ်းဓလေ့အား သိပ္ပံပညာရှင်များတွေ့ရှိ
Apr 23 • 3:54 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


