back

ရုရှား၏ အကြီးမားဆုံး လက်နက်တိုက် အကြီးအကျယ် ပေါက်ကွဲ

Apr 23 • 3:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှား၏ အကြီးမားဆုံး လက်နက်တိုက် အကြီးအကျယ် ပေါက်ကွဲ

ရုရှားလက်နက်တိုက်တခု ဧပြီ၂၂ရက်နေ့က အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး၊ ပေါက်ကွဲစေတတ်သောပစ္စည်းများကို ကိုင်တွယ်ရာတွင် ဘေးအန္တရယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို မလ...

ရုရှားလက်နက်တိုက်တခု ဧပြီ၂၂ရက်နေ့က အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး၊ ပေါက်ကွဲစေတတ်သောပစ္စည်းများကို ကိုင်တွယ်ရာတွင် ဘေးအန္တရယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို မလိုက်နာသည့်အတွက် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားလိုက်သည်။ယူကရိန်းနယ်စပ်မှ မိုင် ၃၀၀ ကျော်အကွာ ရုရှားနိုင်ငံ၊မော်စကိုမြို့ အရှေ့မြောက်ဘက် ဗလာဒီမာဒေသရှိ ၅၁ ပင်မဒုံးပျံနှင့် အမြောက်တပ် ညွှန်ကြားမှုဦးစီးဌာန(GRAU) လက်နက်တိုက်ဟု သတ်မှတ်ထားသည့် နေရာတွင် မီးခိုးများနှင့် မီးတောက်ကြီးများကို တွေ့ရှိရသည့် ဗီဒီယိုမှတ်တမ်းများနှင့် ဓာတ်ပုံများသည် ဧပြီ၂၂ရက်နေ့တွင် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လာခဲ့သည်။နောက်ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့သည်။ယူကရိန်းမဟာဗျူဟာမြောက် ဆက်သွယ်ရေးဗဟိုဌာနက အဆိုပါ စက်ရုံသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အကြီးဆုံး လက်နက်တိုက်များထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။


news-view-count-icon

20