back

အရှေ့တောင်အာရှနိုင်ငံလေးနိုင်ငံမှ ဆိုလာပစ္စည်းများ တင်သွင်းမှုအပေါ် အမေရိကန်ပြည်ထောင်စုက ၃,၁၅၂% အထိ အကောက်ခွန်နှုန်းထားအသစ် ချမှတ်

Apr 23 • 2:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

အရှေ့တောင်အာရှနိုင်ငံလေးနိုင်ငံမှ ဆိုလာပစ္စည်းများ တင်သွင်းမှုအပေါ် အမေရိကန်ပြည်ထောင်စုက ၃,၁၅၂% အထိ အကောက်ခွန်နှုန်းထားအသစ် ချမှတ်

ဧပြီ ၂၁တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ အကောက်ခွန်နှုန်းထားများသည် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဆိုလာပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီမျာ...

ဧပြီ ၂၁တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ အကောက်ခွန်နှုန်းထားများသည် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဆိုလာပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများသည် အစိုးရထောက်ပံ့ကြေးများ ရရှိနေကြသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ထက် သက်သာသောနှုန်းဖြင့် အမေရိကန်သို့ တင်ပို့ရောင်းချသည်ကို တွေ့ရှိခဲ့သဖြင့် အရေးယူဆောင်ရွက်ခြင်း ဖြစ်သည်။လွန်ခဲ့သည့် ၁၂ နှစ်ဝန်းကျင်ကတည်းက တရုတ်မှ တင်ပို့သည့် ဆိုလာပစ္စည်းများအပေါ် အလားတူ မြင့်မားသည့် အကောက်ခွန်နှုန်းထားများ ပြဋ္ဌာန်းခဲ့သည်။ထိုအခါ တရုတ်ကုမ္ပဏီများသည် ၎င်းအကောက်ခွန်နှုန်းထားများ မရှိသည့် အဆိုပါ ၄ နိုင်ငံတွင် အပြီးသတ် ထုတ်လုပ်ပြီး အမေရိကန်သို့ တင်ပို့နေခဲ့ကြသည်။


news-view-count-icon

22