back

တရားမဝင်နေထိုင်သူများလာခြင်းကြောင့် ဆိုက်ရောက်ဗီဇာစနစ်ကို ထိုင်းအစိုးရ ပြန်လည် သုံးသပ်မည်

Apr 23 • 2:31 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရားမဝင်နေထိုင်သူများလာခြင်းကြောင့် ဆိုက်ရောက်ဗီဇာစနစ်ကို ထိုင်းအစိုးရ ပြန်လည် သုံးသပ်မည်

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများ ဗီဇာရက်ကျော်နေထိုင်ခြင်း၊ တရားမဝင် အလုပ်လုပ်ကိုင်မှု မြင့်တက်လာခြင်းတို့ကြောင့် ဆိုက်ရောက်ဗီဇာပေးသည့် စနစ်ကို ပြန်လည်...

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများ ဗီဇာရက်ကျော်နေထိုင်ခြင်း၊ တရားမဝင် အလုပ်လုပ်ကိုင်မှု မြင့်တက်လာခြင်းတို့ကြောင့် ဆိုက်ရောက်ဗီဇာပေးသည့် စနစ်ကို ပြန်လည်သုံးသပ်ကြရန် ဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်က ညွှန်ကြားထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဂျီရာယု ဟွမ်ဆပ်က ပြောကြားသည်။ဧပြီ ၂၂ကျင်းပသည့် အစိုးရအဖွဲ့ အပတ်စဉ် အစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခရီးသွားနှင့်အားကစားဝန်ကြီးဌာနများကို ထိုသို့ ညွှန်ကြားသည်ဟု ဆိုသည်။ဆိုက်ရောက်ဗီဇာဖြင့် ထိုင်းနိုင်ငံအတွင်း ရက်မည်မျှအထိ နေထိုင်ခွင့်ပေးသင့်ကြောင်းကို ထည့်သွင်းစဉ်းစားရမည်။ယင်းအပြောင်းအလဲက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတွင် မည်ကဲ့သို့ သက်ရောက်မှုရှိလာနိုင်သည်ကို သုံးသပ်မည်ဟု သိရသည်။


news-view-count-icon

16