မန္တလေးမြို့ Sky Villa Condo ပြိုကျမှုမှာ ငလျင်ကြီးကြောင့် ဧပြီ ၂၂ ရက်နေ့အထိ အသက်ရှင်သူ ၅၂ ယောက်၊ သေဆုံးရုပ်အလောင်း ၁၀၃ လောင်းကို မီးသတ်ဦးစီးဌာနက ထုတ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ ကယ်ဆယ်ရေး၊ ရှင်းလင်းရေးလုပ်ငန်းများကို မန္တလေးမြို့စည်ပင်၊ မီးသတ်တပ်ဖွဲ့နှင့် Myanmar Rescue Team တို့က ဆက်လက်ဆောင်ရွက်နေပြီး ကျန်ရှိသေးတဲ့ ရုပ်အလောင်းများ ထုတ်ယူရေးအတွက်လည်း အားထုတ်နေသည်။



