လှိုင်သာယာမြို့နယ်ရှိ Myanmar San He ဆေးဆိုးပန်းရိုက်စက်ရုံအလုပ်သမားများက EC သဘောတူစာချုပ်အရ ပေးရန်ပြောထားသည့် ယာဉ်ခ ကျပ် ၂၀၀၀၀ မရရှိခြင်း၊ စာချုပ်ပါအချက်များအား လျစ်လျူရှုခြင်းနှင့် အလုပ်နယ်ပယ်မသက်ဆိုင်သည့်အလုပ်များ ခိုင်းစေမှုများကြောင့် မကျေနပ်မှုများဖြစ်ပွားနေသည်။ ထို့ပြင် လုပ်အားခများ ပြည့်စုံမပေးခြင်း၊ ဆေးကုသမှုအတွက် စက်ရုံတာဝန်ယူမှုမရှိခြင်း၊ နားရက်အချိန်ပိုဆင်းမှုမရှိလျှင် နောက်နေ့အလုပ်ဆင်းခွင့်မပြုခြင်းများလည်း တင်ပြထားကြပြီး၊ EC စာချုပ်အပိုဒ် ၁၂ နှင့် ၁၇ (၂) ကို ချိုးဖောက်နေသည်ဟု အလုပ်သမားများကဆိုသည်။



