back

ရန်ကုန်တွင် မီးပျက်-အိုက်စပ်ကြောင့် YBS အဲကွန်းကားများ သွားအပြန်လိုက်စီးသူများများလာ

Apr 22 • 2:03 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် မီးပျက်-အိုက်စပ်ကြောင့် YBS အဲကွန်းကားများ သွားအပြန်လိုက်စီးသူများများလာ

မီးဖြတ်ချိန်ကြောင့် ပူလောင်အိုက်စပ်နေစဉ်မှာ ရန်ကုန်ရှိ တိုက်ခန်းနှင့်အဆောင်နေသူအချို့က နေလယ်ပိုင်းအချိန်များတွင် အဲကွန်းတပ်ထားသည့် YBS ကားများကို သွားအပြန်လိုက်...

မီးဖြတ်ချိန်ကြောင့် ပူလောင်အိုက်စပ်နေစဉ်မှာ ရန်ကုန်ရှိ တိုက်ခန်းနှင့်အဆောင်နေသူအချို့က နေလယ်ပိုင်းအချိန်များတွင် အဲကွန်းတပ်ထားသည့် YBS ကားများကို သွားအပြန်လိုက်စီးကာ အေးမြမှုကို ရယူကြသည်။ မတ်လအတွင်း ၄ နာရီပေး ၈ နာရီဖြတ်စနစ် ပြန်လည်ကျင့်သုံးလာသောကြောင့် မီးပျက်နေချိန်တွင် ခင်မင်သူများနှင့် အဲကွန်းကားပေါ်တွင် စကားပြောရင်း အေးအေးလေးဖြတ်သန်းကြသူများ တိုးလာကြောင်း သိရသည်။ ရန်ကုန်မြို့တွင် နေ့အပူချိန် ၃၇ ဒီဂရီသော်လည်း လူစုများရာတွင် ၄၀ ဒီဂရီနီးပါးရှိနေပြီး ရေကန်၊ မြစ်ဘက်နှင့် အပင်ရိပ်နေရာများတွင် မိသားစုများနေထိုင်သည့်အခြေအနေများလည်း တွေ့ရသည်။


news-view-count-icon

33