ဧပြီ ၂၂ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၃၄၈၄.၃၂ ဒေါ်လာအထိ တက်ရှိပြီး စံချိန်သစ်တင်ခဲ့သည့်အပြင် တစ်နေ့တည်းအတွင်း ၁၆၉.၁၉ ဒေါ်လာတက်လာခြင်းကြောင့် မြန်မာ့ရွှေဈေးလည်း တက်လာခဲ့သည်။ ရည်ညွှန်းဈေးက ကျပ် ၅၆ သိန်းကျော်ရှိသော်လည်း ရောင်းချဈေးက သိန်း ၇၀ ကျော်အထိရောက်ရှိပြီး အဝယ်ဈေးတွင်တော့ သိန်းချီနှိမ်၍ ဝယ်ယူနေကြောင်း သိရသည်။



