back

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား၍ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့

Apr 22 • 9:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား၍ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဧပြီ ၂၂ ရက် မနက်ပိုင်းက ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး အဲဒီ ဖြစ်စဉ်ကြောင့် အမျိုးသမီးနှစ်ယောက် သေဆုံးခဲ့တယ်လို့ ကူညီ...

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဧပြီ ၂၂ ရက် မနက်ပိုင်းက ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး အဲဒီ ဖြစ်စဉ်ကြောင့် အမျိုးသမီးနှစ်ယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင် ရွက်ခဲ့တဲ့ မိတ္ထီလာမြို့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်၊၊ဖြစ်စဉ်ဟာ ဧပြီ လ၂၂ ရက် မနက် ၉ နာရီဝန်းကျင် အချိန်လောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၈၈ မိုင် ၂ ဖာလုံ အနီးမှာ ကားနဲ့ဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့တာဖြစ်ပြီးယာဉ်တိုက်မှုကြောင့် အသက်(၉)နှစ်အရွယ် အမျိုးသမီးငယ် တစ်ယောက်နဲ့ အသက်(၂၀)အရွယ် အမျိုးသမီးတစ်ယောက်တို့ အခင်း ဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက သိရပါတယ်။သေဆုံးရုပ်အလောင်းတွေကိုတော့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကယာဉ်နဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊


news-view-count-icon

37