ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မှုတ်ရှည်ကျေးရွာနှင့် ကန်သုံးဆင့်ရွာသွား မြေသားလမ်း၊ ကန်သုံးဆင့်တရားရိပ်သာအနီးတွင် ဖြစ်ပွားခဲ့သော အသက် ၆၁ နှစ်အရွယ် အိုးဝေယာဥ်မောင်း အသတ်ခံရမှုနှင့်ပတ်သက်၍ ကျုးလွန်သူလူငယ်နှစ်ဦးကို ဖမ်းဆီးပြီးနောက် ဧပြီလ ၂၁ ရက်နေ့က ချုပ်ရမန်ယူကာ ဆက်လက်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။



