back

ခယ်မကိုသတ်ပြီး ဇနီးကို ပြင်းထန်ဒဏ်ရာရရှိအောင် ဓားဖြင့်ထိုးပြီး ထွက်ပြေးနေသူတရားခံကို နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိဟုဆို

Apr 22 • 9:28 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ခယ်မကိုသတ်ပြီး ဇနီးကို ပြင်းထန်ဒဏ်ရာရရှိအောင် ဓားဖြင့်ထိုးပြီး ထွက်ပြေးနေသူတရားခံကို နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိဟုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ ခယ်မဖြစ်သူကိုသတ်ပြီး ဇနီးဖြစ်သူကိုပါ ပြင်းထန်ဒဏ်ရာရရှိအောင် ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံအမျိုးသားကို နာရီ...

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ ခယ်မဖြစ်သူကိုသတ်ပြီး ဇနီးဖြစ်သူကိုပါ ပြင်းထန်ဒဏ်ရာရရှိအောင် ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံအမျိုးသားကို နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဥ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ လဲဝါကွင်းရွာတွင် နေထိုင်သည့် အသက် (၂၉) နှစ်အရွယ် မချိုမာလွင်နှင့် ညီမဖြစ်သူ အသက် (၂၃) နှစ်အရွယ် မဇင်မာလွင် တို့နှစ်ဦးမှာ ကြံခင်းမြို့နယ် ကိုးအင်းတာကြီးတန်းကျေးရွာသွား လမ်းဘေးရှိ လယ်ကွင်းအတွင်း ဒဏ်ရာများဖြင့် လဲကျနေသည်ကို ဧပြီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ရွာသူရွာသားများမှ တွေ့ရှိခဲ့ကြသည်။

news-view-count-icon

28