back

စစ်ပွဲအဆုံးသတ်ရေး ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးလိုတယ်လို့ ရုရှားသမ္မတပူတင်ပြော

Apr 22 • 4:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

စစ်ပွဲအဆုံးသတ်ရေး ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးလိုတယ်လို့ ရုရှားသမ္မတပူတင်ပြော

စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးလိုကြောင်း အဆိုပြုလိုက်ပြီး ဒါဟာ စစ်ပွဲစတင်ပြီးနောက် ပထမဆုံးအကြိမ် ကမ်းလှမ်းမှုလည်း ဖြစ်ပါတယ်။ပူတင်ရဲ့ အဆို...

စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးလိုကြောင်း အဆိုပြုလိုက်ပြီး ဒါဟာ စစ်ပွဲစတင်ပြီးနောက် ပထမဆုံးအကြိမ် ကမ်းလှမ်းမှုလည်း ဖြစ်ပါတယ်။ပူတင်ရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးက တိုက်ရိုက်တုံ့ပြန်ခြင်းမရှိပေးမယ့် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေရပ်တန့်မယ့် အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးပွဲအတွက်မဆို အဆင်သင့်ဖြစ်နေတယ်လို့ ပြောပါတယ်။ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထင်သာမြင်သာ တိုးတက်မှုမရှိရင် ကြားဝင်စေ့စပ်မှုတွေ မလုပ်တော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ယခုသီတင်းပတ်ကုန်မှာ နှစ်ဖက်အကြား နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမယ့် ချိုးဖောက်မှုရှိကြောင်း အပြန်အလှန်စွပ်စွဲနေကြပါတယ်။


news-view-count-icon

22