၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေဟာကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီးရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ- နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်ဖြစ်ပြီးရေပြင်လေဟာ မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်ထိဖြစ်ကာလှိုင်းအခြေအနေမှာ-လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ရာလှိုင်းအမြင့်ဟာ ၄ ပေမှ ၇ ပေခန့်ထိရောက်ရှိနိုင်ပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကာအမြင့်တာ၅ မိုင်နဲ့ ရေပြင်လေဟာတောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်ဖြစ်ကာလှိုင်းအခြေအနေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာလှိုင်းအမြင့်မှာ ၄ ပေမှ ၇ ပေခန့်ထိရှိနိုင်ပါတယ်။
Apr 22 • 4:24 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


