back

ရန်ကုန်နှင့် ပြည်နယ်တိုင်းအချို့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာခိုင်နှုန်း ၈၀ ဟု မိုးဇလထုတ်ပြန်

Apr 22 • 4:20 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်နှင့် ပြည်နယ်တိုင်းအချို့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာခိုင်နှုန်း ၈၀ ဟု မိုးဇလထုတ်ပြန်

ပြည်တွင်း၌သင်္ကြန်ကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ရန်ကုန်နှင့် မြန်မာနိုင်ငံနေရာအချို့တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်၊ ရွာရန်ရာနှုန်း ၈၀ ဟု မ...

ပြည်တွင်း၌သင်္ကြန်ကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ရန်ကုန်နှင့် မြန်မာနိုင်ငံနေရာအချို့တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်၊ ရွာရန်ရာနှုန်း ၈၀ ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင် များ ဖြစ်ထွန်းနေရာ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက် မိုးရွာ သွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်နိုင်သဖြင့် သတိထား နေထိုင်ရန် ထုတ်ပြန်ထားပြီး ရန်ကုန်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာနိုင်ကြောင်း ထုတ်ပြန်ခဲ့သလိုမိုးရွာသွန်းမှုအဖြစ် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်း တိုင်း ဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း ဒေသ ကြီး အောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဟု ကြေညာထားကာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက် တွင် မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။




news-view-count-icon

36