ဒေါ်လာဘီလီယံချီ အမြတ်များ ရနေသော ဆိုက်ဘာလိမ်လည်လုပ်ငန်းကဏ္ဍ နောက်ကွယ်မှ အာရှရာဇ၀တ်ဂိုဏ်းများသည် တောင်အမေရိကနှင့် အာဖရိကတို့အပါအဝင် တစ်ကမ္ဘာလုံးသို့ ချဲ့ထွင်လျက်ရှိပြီး အရှေ့တောင်အာရှတွင် ခေါ်ဆိုလိမ်လည် စင်တာများကို စီးနင်းဖြိုခွင်းများသည် ၎င်းတို့ကို မပျံ့ပွားအောင် ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး United Nations Office on Drugs and Crime (UNODC)မှ ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှတွင် ပေါ်ပေါက်ခဲ့သော အများစုသည် ကမ္ဘာတဝှမ်းမှ လူကုန်ကူးခံရကာ လှည့်စားခံရသူများဖြစ်ပြီး အတင်းအဓမ္မခိုင်းစေခြင်း ခံနေရသည့် သောင်းနှင့်ချီသော အလုပ်သမားများကို ထားရှိသည့် တိုက်တာဝန်း များ ပါဝင်သော ရာဇ၀တ်မှုကွန်ရက်များသည် ခေတ်မီဆန်းသစ်သော ကမ္ဘာ့လုပ်ငန်းကဏ္ဍကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။



