မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက ယခုတစ်ပတ်ကြားရက် ကြိုကန်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနှင့် ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်သည် နှစ်သင်းစလုံးအတွက် ဗိုလ်လုပွဲလို သဘောထားကစားရမည့် ပွဲစဉ်တစ်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။မန်စီးတီးအသင်းသည် လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၅)နေရာတွင် ရပ်တည်နေပြီး အက်စတွန်ဗီလာအသင်းသည် အဆင့် (၇)နေရာတွင် ရပ်တည်နေသော်လည်း ယင်းအသင်းနှစ်သင်းအကြား ရမှတ်ကွာခြားမှုမှာ (၁)မှတ်သာ ရှိနေသည့်အတွက် ယင်းပွဲစဉ်မှာ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလွန်အရေးကြီးသည့် ပွဲစဉ်တစ်ပွဲဖြစ်နေသည်။



