တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတမစ္စတာဟန်ချွန်းသည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆူဂျီယိုနိုနှင့် တနင်္လာနေ့က ပေကျင်း၌တွေ့ဆုံခဲ့သည်ဟု သိရသည်။မစ္စတာဟန်က တရုတ်နှင့်အင်ဒိုနီးရှားတို့သည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်ကလည်း နှစ်နိုင်ငံသမ္မတများအနေဖြင့် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စများတွင် ဩဇာလွှမ်းမိုးနိုင်သည့် တရုတ်-အင်ဒိုအသိုက်အဝန်း ဖြစ်မြောက်ရေးကို အပြန်အလှန်ကတိပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုကိုလိုက်နာပြီး ညီညွတ်မှုဖြင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ တရုတ်-အင်ဒို အသိုက်အဝန်းကို မြင့်မားသည့်အဆင့်သစ်သို့ရောက်ရှိစေရန်နှင့် နှစ်နိုင်ငံခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အချင်းချင်းပံ့ပိုးကူညီမှုများပြုလုပ်ရန် တရုတ်ဘက်က အင်ဒို နီးရှားနှင့်လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းလည်း ဟန်ကပြောကြားခဲ့သည်။



