အာဆင်နယ်အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီသည် အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၅၀)ပြည့်မြောက်ခဲ့ကြောင်း သိရသည်။မာတင်နယ်လီသည် အစ်ဝစ်ချ်နှင့်ပွဲတွင် တစ်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် အာဆင်နယ်ကစားသမားဘဝ သွင်းဂိုး(၅၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိုးအရေအတွက်ပြည့်မြောက်သည့် စတုတ္ထအသက်အငယ်ဆုံးကစားသမားအဖြစ် မှတ် တမ်းဝင်ခဲ့ကြောင်း သိရသည်။



