back

အမေရိကန် ဒုတိယသမ္မတ၏ အိန္ဒိယခရီးစဉ် စတင်

Apr 22 • 1:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် ဒုတိယသမ္မတ၏ အိန္ဒိယခရီးစဉ် စတင်

အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်သည် ဧပြီလ၂၁ရက်နေ့တွင် သူ၏ လေးရက်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် တွေ့ဆုံ ဆွေးနွ...

အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်သည် ဧပြီလ၂၁ရက်နေ့တွင် သူ၏ လေးရက်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ အိန္ဒိယနွယ်ဖွား ဇနီးသည် အူရှာဗန့်စ်အပါအဝင် သူ၏ မိသားစုနှင့်အတူ ရောက်ရှိလာမည့် ဗန့်စ်သည် မိုဒီနှင့် တွေ့ဆုံစဉ်အတွင်း အခွန်စည်းကြပ်မှုဆိုင်ရာနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု မျှော်လင့်ရသည်။ သူ့အနေဖြင့် အမေရိကန်ကာကွယ်ပစ္စည်းများကို ဝယ်ယူရေးနှင့် ပတ်သက်၍ အိန္ဒိယကို ဖိအားပေးဖွယ်ရှိသည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။


news-view-count-icon

22