မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးစျေးချိုတောင်မြောက်တိုက်တန်းအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်ကာ အပြီးဖျက်သိမ်းမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ အိန္ဒိယနှင့် မြန်မာကျွမ်းကျင်သူများစစ်ဆေးပြီးနောက် ယင်းဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ရှင်များကိုလည်း ပစ္စည်းရှင်းရန် အသိပေးပြီးဖြစ်သည်။ ထိုအချိန်တွင် ပျက်စီးမှုနည်းပါးသော်လည်း ပတ်ဝန်းကျင်အန္တရာယ်ကင်းရှင်းရေးအတွက် အပြည့်အဝဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။



