ဟိန္ဒူကုရှ်-ဟိမဝန္တာတောင်တန်းဒေသတွင် ဆီးနှင်းကျဆင်းမှုဟာ ၂၃ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ချမိနေပြီး ဒါဟာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းရှိ လူဦးရေ နှစ်ဘီလီယံနီးပါးအတွက် ရေချိုရရှိမှုအပေါ် ထိခိုက်မှုများပေးနေသည်ဟု ICIMOD သုတေသီများက သတိပေးထားသည်။ ဆီးနှင်းနည်းပါးမှုကြောင့် မြစ်အောက်ပိုင်းရေစီးနည်းလာခြင်း၊ မြေအောက်ရေကို မှီခိုမှု တိုးလာခြင်းနှင့် မိုးခေါင်ရေရှားမှု တိုးလာနိုင်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။ ဒေသတွင်း နိုင်ငံများအနေနဲ့ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ သတိပေးချက်စနစ်များ တိုးတက်လာရန် အရေးကြီးကြောင်း အစီရင်ခံစာအနေနှင့် တိုက်တွန်းထားသည်။



