နယ်စပ်လမ်းကြောင်းပိတ်ခြင်းနှင့် ငလျင်ကြောင့် ဘိလပ်မြေစက်ရုံများထိခိုက်မှုများကြောင့် လတ်တလောအိမ်ဆောက်ပစ္စည်းဈေးနှုန်းများ တက်လာနေပြီး ရန်ကုန်မြို့တွင် ဘိလပ်မြေဝယ်ယူရခက်ခဲနေခြင်းဖြစ်ပွားနေသည်။ မန္တလေးနှင့် စစ်ကိုင်းဒေသများတွင်ပင် ခွဲတမ်းဖြင့်ရောင်းခြင်းဖြစ်ပေမယ့်၊ ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မည့်ထုတ်လုပ်မှုမရှိသေးသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက်အခက်အခဲအဖြစ်တွေ့ရသည်။



