၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၃၀ လမ်း၊ ၇၀ x ၇၁ လမ်းကြားရှိ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော Golden City Hotel တည်နေရာ၌ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရုပ်အလောင်းကျန်ရှိနေသည့်အဆောက်အဦအား ဖယ်ရှားရှင်းလင်းရေးနှင့် ရုပ်အလောင်းကောက်ယူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။



