၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း၊ မန္တလေးမြို့၊ သီရိမာလာအနောက်ရပ်ကွက်၊ ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းမနားလမ်းရှိ Ayarwaddy River View Hotel အဆောက်အဦ၌ ရှိနေသေးသည့် သံဃာတော်(၁)ပါး၏ ရုပ်အလောင်းအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းရေးနှင့် ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။



