မန္တလေးတောင်ခြေရှိ စန္ဒာမုနိဘုရား၏ ရွှေသင်္ကန်းတော် ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ ငလျင်ကြောင့် အပျက်အစီးများရှိခဲ့သော်လည်း ယနေ့ (ဧပြီ ၂၀) ရက်တွင် စန္ဒာမုနိဘုရား၏ ရှင်းလင်းမှုများ ၈၅% ပြီးစီးပြီးပြီဖြစ်သည်။ မန္တလေးမြို့ တော်စည်ပင်သာယာဝန်ထမ်း 200 ဦး ပူးပေါင်း၍ အလုပ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။စန္ဒာမုနိဘုရားသည် AD 16 ရာစုတွင် ဘုရင့်နောင်မင်းတရားကြီး စတင်တည်ထောင်ခဲ့ပြီး၊ AD 19 ရာစုအစောပိုင်းတွင် ပဒုံမင်းက ပြုပြင်မွမ်းမံခဲ့သော ဘုရားတစ်ဆူ ဖြစ်သည်။



