ငလျင်ဒဏ်သင့်ပြည်သူများအတွက် တည်ဆောက်နေသည့် KBZ Center Mandalay သည် အနည်းဆုံး (၁)နှစ်မှ (၅)နှစ်အထိ ကယ်ဆယ်ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ထားပြီး၊ KBZ Foundation ၏ ဦးအောင်ကိုဝင်း ဦးဆောင်မှုဖြင့် ကျပ် (၄၅) ဘီလီယံဖြင့် တည်ဆောက်လျက်ရှိသည်။ လက်ရှိတွင် စီမံချက်၏ (၈၅)% ပြီးစီးပြီး ဖြစ်ကြောင်း ဧပြီ ၁၈ ရက်တွင် အသိပေးထားသည်။



