တရုတ်နိုင်ငံအစိုးရ၏ သတ္တမအသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေး ပစ္စည်းများ ဧပြီ ၂၀ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်းသိရပါတယ်။အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများသည် ဆေးဝါးပစ္စည်းများဖြစ်ပြီး အလေးချိန် ၉၅တန်ကျော်ရှိပါတယ်။ Amoxicillin ဆေးတောင့် ၈၀၀,၀၀၀ ဗူး၊ Acetaminophen ထိုးဆေး ၁၂၂,၀၀၀ ပုလင်း၊ Cephradine capsules ၂၂၅,၀၀၀ ဗူး နှင့် Ibuprofen ၄၈၀,၀၀၀ ဗူး တို့ပါဝင်တယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။အဆိုပါ ထောက်ပံ့ရေးပစ္စည်းတွေကို ငလျင်ဘေးသင့် ဒေသများသို့ နေ့ချင်းပို့ဆောင်ပေးသွားမယ်လို့ လည်း သိရပါသည်။



