ယခုအပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးအားလုံးကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။ပြီးခဲ့သည့် သုံးပတ်က တစ်လီတာကို ၆၅ကျပ်မှ ၇၅ ဝန်းကျင်အထိမြင့်တက်ခဲ့သည့် 92 နှင့် 95 ဓာတ်ဆီ ဈေးနှုန်းများမှာ ယခုအပတ်တွင် တစ်လီတာကို ၃၂၀ကျပ် ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။



