ထိုင်း မြောက်ပိုင်း ပြည်နယ် ချင်းမိုင်ဟာ လူအများဆုံး ပါတဲ့ ထိုင်းရိုးရာ ကပွဲ အဖြစ် ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။ ချင်းမိုင် မြို့တည်ထောင်ခြင်း ၇၂၉ နှစ်မြောက် အထိမ်းအမှတ် အဖြစ် လူပေါင်း ၇,၂၁၈ ယောက်က “fon leb” (လက်သည်း အက) ကို ဧပြီလ ၁၉ ရက်နေ့မှာ ကပြခဲ့ကြတာ ဖြစ်ပါတယ်။အဲဒီပွဲတော်ဟာ ချင်းမိုင်ရှိ လူထုရဲ့ ညီညွတ်မှုနဲ့ စိတ်ဓါတ်ကို ပြသနိုင်ရုံသာမက ထိုင်း လူမျိုးနဲ့ နိုင်ငံတကာ ခရီးသွားတွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။ စံချိန်တင် ကပွဲကို သမိုင်းဝင် Three Kings Monument မှာ ကျင်းပခဲ့ကြတာ ဖြစ်ပြီး အဲဒီအကဟာ မြောက်ပိုင်း Lanna ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးကပွဲမှာ ပါဝင်သူ ၁၀,၀၀၀ ကျော် ရှိခဲ့ပေမယ့် ဂင်းနစ် ကမ္ဘာ့ စံချိန် ရဲ့ စံနှုန်းနဲ့ တွက်ချက်ကာ နောက်ဆုံးမှာ ကပြတဲ့ လူအရေအတွက်ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကပြရမယ့် အချိန်ကိုလည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဂင်းနစ် ကမ္ဘာ့ စံချိန် အဖွဲ့မှ တာဝန်ရှိသူတွေက အဲဒီပွဲကို လာရောက် စစ်ဆေးခဲ့ကြပါတယ်။ မိနစ် ၃၀ ကပြပြီးနောက်မှာ တာဝန်ရှိသူတွေက ချင်းမိုင်ဟာ လူ ၅,၂၅၅ ယောက်ပါတဲ့ ယခင်စံချိန်ကို ချိုးကာ စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 
ချင်းမိုင် ရဲ့ လူများစွာ ပါတဲ့ ထိုင်း ရိုးရာ ကပွဲfon leb” (လက်သည်း အက)ဟာ ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားခဲ့
Apr 20 • 8:50 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားခဲ့သော အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိစန္ဒာမုနိဘုရားအတွင်း ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်းပြီးစီး
မိုးဇလမှ တိုင်းထွာရရှိသော မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်များ

