back

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားခဲ့သော အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိစန္ဒာမုနိဘုရားအတွင်း ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

Apr 20 • 8:45 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားခဲ့သော အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိစန္ဒာမုနိဘုရားအတွင်း ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားခဲ့သော အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိ စန္ဒာမုနိဘုရား ပရိဝဏ်အတွင်းမှ အပျက်အစီးများကို မြို့တော်စည်ပင်သာယာ ပ...

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားခဲ့သော အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိ စန္ဒာမုနိဘုရား ပရိဝဏ်အတွင်းမှ အပျက်အစီးများကို မြို့တော်စည်ပင်သာယာ ပန်းဥယျာဉ်နှင့်ကစားကွင်းများ ဌာန ၊ သန့်ရှင်းရေး ဌာန ဝန်ထမ်းအင်အား ၂၀၀ ကျော်နှင့် အတူ ရှင်းလင်းရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၀ ရက်နေ့ အထိ ၈၅ ရာခိုင်နှုန်း ရှင်းလင်းပြီးစီးခဲ့ပါတယ်။စန္ဒာမုနိ ဘုရားကြီးသည် AD ၁၆ ရာစုက ဘုရင့်နောင်မင်းတရားကြီး စတင်တည်ထားကိုးကွယ်ခဲ့ပြီး ၁၉ရာစု အစောပိုင်းတွင် ပဒုံမင်းက ပြုပြင်မွမ်းမံခဲ့သော ဘုရားကြီးဖြစ်ကြောင်း သိရသလို ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် စန္ဒာမုနိဘုရားကြီး၏ရွှေသင်္ကန်းတော်မှာ မူလအတိုင်း ပျက်စီးခြင်း မရှိကြောင်း ထူးခြားစွာ တွေ့ရသည်ဟုဆိုပါတယ်။


news-view-count-icon

23