ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းတွင်ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ လက်ဖက်ခြောက်စျေးလည်း တစ်ပိဿာတစ်သောင်းရှစ်ထောင်ကျပ်အထိ စျေးကောင်းရရှိနေပေမယ့် တောင်သူများ တွက်ခြေမကိုက်ဘဲဖြစ်နေကြောင်းတောင်သူထံက သိရပါတယ်။ပင်လောင်းမြို့နယ်တွင် စားသုံးကုန်စျေးနှုန်းအမျိုးမျိုးစျေးတက်ခြင်းနှင့်အတူ ဒေသခံများစိုက်ပျိုးသော လက်ဖက်ခြောက်လည်း တစ်ပိဿာ တစ်သောင်းရှစ်ထောင်အထိစျေးကောင်းရရှိနေကာ"လက်ဖက်က စျေးကောင်းရတယ်။ ဒါပေမယ့် ကုန်စျေးနှုန်းတွေအမျိုးမျိုးနဲ့ ပြန်ယှဉ်ရင်တော့ အမြတ်မရဘူး။အရင်ဆို လက်ဖက် ၃ ပိဿာရောင်းရင်ဆန်တစ်အိတ်ရပြီ ခုဆို ဆန်လည်း တစ်အိတ်တစ်သိန်းကျော်ဆိုတော့လက်ဖက်ခြောက် ၅ ပိဿာကျော်ရောင်းမှ ဆန်တစ်အိတ်ရတယ်။အဆင်မပြေဘူး လက်ဖက်ခူးချိန် လှော်တဲ့အချိန် လူငှားခနဲ့ ထင်းဖိုးတွေအများရီးကုန်တာ တွက်ခြေတောင်မကိုက်ဘူး"ဟု လက်ဖက်စိုက်တောင်သူတစ်ဦးကပြောပါတယ်။ယခင်နှစ်တွင် လက်ဖက်ခြောက်တစ်ပိဿာအများဆုံးတစ်သောင်းကျပ်အထိရရှိချိန်တွင် ဆန်အညံ့ဆုံးတစ်အိတ်ကို ၄ သောင်းသာရှိပြီး ယခုတွင် လက်ဖက်ခြောက် တစ်ပိဿာ တစ်သောင်းရှစ်ထောင်ကျပ် ရရှိပေမယ့် ဆန်းအညံ့ဆုံးကို တစ်သိန်းနှစ်သောင်းကျပ်ရှိကြောင်းသိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင်လက်ဖက်ခြောက် တစ်ပိဿာတစ်သောင်းရှစ်ထောင်ထိ စျေးကောင်းရရှိပေမယ့် တောင်သူများတွက်ခြေမကိုက်ဖြစ်နေ
Apr 20 • 8:35 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 30 | 0 | 0 | 0 |


