မင်းသားချောနေထွဋ်က သူ့ရဲ့ မြတ်နိုးလှတဲ့ဆံပင်တွေကို ဖြတ်ကာ ဦးဇင်းအဖြစ်ဝင်ရောက်ခဲ့တာဖြစ်ပြီးငလျင်ဘေးသင့်ပြည်သူတွေကို ကုသိုလ်ရစေရန်အလို့ငှာ အဓိဌာန်ပြုပြီး ဝင်ခဲ့တာဖြစ်တယ်လို့လည်း ဆရာတော်ကပြောပါတယ်။ သရုပ်ဆောင်နေထွဋ်က လက်တလောမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ဦးအဖြစ် နာမည်ရနေတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။



