၂၀.၄.၂၀၂၅ ရက်ယနေ့တွင်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၂၃၈၅) ရှိ အဆောက်အအုံပြိုကျသည့်နေရာအား ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အခန်းအမှတ်(၀၆)မှ ရှာဖွေတွေ့ရှိသည့် အရေးကြီးစာရွက်စာတမ်းများ၊ လက်ဝတ်ရတနာများနှင့် ငွေသားများအား ပိုင်ရှင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။


