ONE Championship မှာတုန်းကတော့ မူရက် ရာမာဇာနော့ဗ် က Ground Game ကောင်းကောင်းနဲ့ ရှုံးပွဲ လုံး၀ မရှိ ဖိုက်တာ အဖြစ်နဲ့ကို ရပ်တည်ခဲ့သူတစ်ဦးဖြစ်ကာ PFL ကို ပြောင်းရွှေ့ခဲ့တာက သူ့အတွက် ကောင်းသော ပြောင်းရွှေ့ခြင်းမျိုး မဖြစ်နိုင်တော့ပါဘူး။ဘာလို့လဲ ဆိုတော့ နောက်ဆုံး ကစားတဲ့ ၃ ပွဲ ဆက်တိုက် ရှုံးပွဲတွေ ဆက်တိုက် ကြုံလိုက်ရခဲ့ခြင်းဖြစ်ကာဒီတစ်ပတ်မှာလဲ အောင်လအန်ဆန်း ရဲ့ လေ့ကျင့်ဖော် Aaron Jeffery နဲ့ ထိုးရပါတယ်။ ဒိုင်အဆုံးဖြတ်မှာ ကပ်ပြီး အရှုံးပေးလိုက်ရတာဘဲဖြစ်ပါတယ်။ONE Championship မှာတုန်းက ချန်ပီယံ ဖြစ်နိုင်ချေရှိတယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ ဖိုက်တာ တစ်ယောက်ဟာ PFL မှာတော့ စုစုပေါင်း ၄ ပွဲထိုး ၊ ၁ ပွဲ နိုင် ၊ ၃ ပွဲ ရှုံး ရလာဒ်နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
ONE Championship မှာတုန်းက ချန်ပီယံ ဖြစ်နိုင်ချေရှိတယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ ဖိုက်တာ ရာမာဇာနော့ဗ်တစ်ယောက်ဟာ PFL မှာတော့ စုစုပေါင်း ၄ ပွဲထိုး ၊ ၁ ပွဲ နိုင် ၊ ၃ ပွဲ ရှုံး ရလာဒ်နဲ့ ရင်ဆိုင်နေရ
Apr 20 • 6:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 56 | 0 | 0 | 0 |


