ယခု၂၀၂၅-၂၀၂၆ခုနှစ်ရဲ့ ဧပြီလ (၁၉) ရက်မှ (၂၅) ရက်အထိ ရက်သတ္တပတ်တာကာလအတွင်း အနောက်နှင့် အနောက်တောင်ဘက်တို့မှ တစ်နာရီမိုင်(၂၀) နှုန်းခန့် လေပြင်းတိုက်ခတ်နိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားပြီးမြန်မာနိုင်ငံ မိုးလေဝသအခြေအနေ နှင့်ပတ်သက်၍ ယမန်နေ့က ကြိုတင် ခန့်မှန်းတွေ့ရှိချက်အပေါ် ယင်းသို့ ပြောကြားထားခြင်းဖြစ်ပါတယ်။လေပြင်းတိုက်ခတ်မှုခန့်မှန်းချက်အရ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ အချို့၌ အနောက်ဘက်မှ လေပြင်းတိုင်ခတ်မှု တစ်နာရီလျှင် မိုင်(၂၀ )နှုန်းခန့်တိုက်ခတ်နိုင်ကာဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် ရန်ကုန်တောင်ပိုင်း ကမ်းရိုးတန်းအနီးရှိဒေသ အချို့တွင်လည်းအနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လေပြင်း တစ်နာရီ (၁၅)မိုင်နှုန်းမှ မိုင်(၂၀)နှုန်းအထိ တိုက်ခတ်နိုင်ပါတယ်။



