back

ဆေးခြောက်ပင်မှ ရသော ဓာတုပစ္စည်းတစ်မျိုးက အော်တစ်ဇင်ရောဂါလက္ခဏာများကို လျှော့ချနိုင်ဟု ဘရာဇီးသုတေသနပညာရှင်များကဆို

Apr 20 • 2:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆေးခြောက်ပင်မှ ရသော ဓာတုပစ္စည်းတစ်မျိုးက အော်တစ်ဇင်ရောဂါလက္ခဏာများကို လျှော့ချနိုင်ဟု ဘရာဇီးသုတေသနပညာရှင်များကဆို

ဆေးခြောက်ပင်မှ ရရှိသော ဓာတုပစ္စည်းတစ်မျိုးဟာ ကလေးများနှင့် အရွယ်ရောက်လူငယ်များ၏ အော်တစ်ဇင်ရောဂါလက္ခဏာများကို လျှော့ချပေးနိုင်တယ်ကြောင်း ဘရာဇီးသုတေသနပညာရှင်များက...

ဆေးခြောက်ပင်မှ ရရှိသော ဓာတုပစ္စည်းတစ်မျိုးဟာ ကလေးများနှင့် အရွယ်ရောက်လူငယ်များ၏ အော်တစ်ဇင်ရောဂါလက္ခဏာများကို လျှော့ချပေးနိုင်တယ်ကြောင်း ဘရာဇီးသုတေသနပညာရှင်များက ပြောကြားလိုက်ပါတယ်။ ဆေးခြောက်တွင် ပါရှိသော Canabidiol (CBD)ခေါ် ဓာတုပစ္စည်းကို အရည်ပုံစံဖြင့် သုံးစွဲသူ ကလေးအော်တစ်ဇင်လူနာနှင့် အရွယ်ရောက်လူငယ် လူနာများ၌ ရောဂါလက္ခဏာများ သိသာစွာလျော့ပါးလာတာကို တွေ့ရှိရပြီး CBD ဓာတု ဒြပ်ပေါင်းဟာ လူနာများ၏ အိပ်စက်နိုင်မှု အရည်အသွေးကို မြှင့်တင်ပေးနိုင်ကာ စိုးရိမ်သောကကို လျှော့ချပေးနိုင်ရာအဆိုပါ ဒြပ်ပေါင်းဟာ အော်တစ်ဇင်လူနာများအတွက် ပင်ပန်းနွမ်းနယ်ခြင်း၊ အစားစားလိုစိတ် ပြောင်းလဲခြင်းစသည့် ဘေးထွက်ဆိုးကျိုးများလည်း မရှိသလို အော်တစ်ဇင်ရောဂါကို ကုသရာတွင် ပုံမှန် ကုထုံးများနှင့်အတူ CBD ဓာတုပစ္စည်းကိုပါ တွဲဖက်အသုံးပြုနိုင်သည့် သဘောရှိကြောင်းလည်း သုတေသီများက ဆိုထားပါတယ်။



news-view-count-icon

23