၂၀.၄.၂၀၂၅ ရက်ယနေ့တွင်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၄၃၁၁)၊ အခန်းအမှတ်(၁)၊ အခန်းအမှတ်(၃)၊ အခန်းအမှတ်(၄)၊ အခန်းအမှတ်(၅) ပြိုကျသည့်နေရာအား ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရာ ရှာဖွေတွေ့ရှိသည့် အရေးကြီးစာရွက်စာတမ်းများနှင့် လက်ဝတ်ရတနာများအား ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။



