back

ငလျင်ဘေးကူညီရန် ကျင်းပပြုလုပ်မည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့

Apr 19 • 8:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

ငလျင်ဘေးကူညီရန် ကျင်းပပြုလုပ်မည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့

ငလျင်ဘေးကူညီရန် ရည်ရွယ်၍ ဧပြီ (၂၇)ရက်တွင် ကျင်းပမည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့ပြုလုပ်မည်ဖြစ်ကြောင်း MFC မြန်မာ့ရိုးရာ လက်ဝှေ့သင်တ...

ငလျင်ဘေးကူညီရန် ရည်ရွယ်၍ ဧပြီ (၂၇)ရက်တွင် ကျင်းပမည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့ပြုလုပ်မည်ဖြစ်ကြောင်း MFC မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းကျောင်းက ယနေ့တွင် အသိပေးထားသည်။ ယင်းသို့ ရက်ပြောင်းရွှေ့ရခြင်းသည် ငလျင်ဘေးဒဏ်နှင့်စပ်ဆက်၍ ပရိတ်သတ်များ၊ ကစားသမားများ နှင့် အခြားသော အထွေထွေ စီစဉ်ဆောင်ရွက်မှုများ စီစဉ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိသဖြင့် ရက်အနည်းငယ်ရွှေ့ဆိုင်းပြီးကျင်းပပြုလုပ်သွားမည်ဖြစ်ဟု အသိပေးထားပြီး ပြန်လည် ကျင်းပမည့်ရက်ကိုမူ သီးခြားအသိပေးထားခြင်းမရှိပေ။ အဆိုပါ ထိုင်း-မြန်မာ နှစ်နိုင်ငံ လက်ဝှေ့ စိန်ခေါ်ပွဲမှ ရရှိလာမည့် ရုံဝင်ခ၊ ‌ကြော်ငြာ အစရှိသည့် အမြတ်ငွေများအားလုံးကို ငလျင်သင့်ဒေသသို့ တစ်ပြားမကျန်အကုန်လှူဒါန်းသွားမည်ဟု မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းက အသိပေးထားသည်။  



news-view-count-icon

88