ဧပြီလ (၁၇) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် အာဆီယံအဖွဲအနေဖြင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။ မိမိအနေဖြင့် ယခုအချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှလည်း ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဧပြီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲအနေဖြင့် ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့တာ ဖြစ်ပါတယ်။



